နိုင်ငံတကာသီချင်းများကို နှစ်သက်သူ လိင်တူချစ်သူ ဂီတဝါသနာရှင်တို့အတွက် ၂၀၁၅ နိုဝင်ဘာလနှင့် ဒီဇင်ဘာလမှာ ကမ္ဘာအရပ်အရပ်မှ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူ အဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။
ဒီတစ်ခေါက် အတွက်တော့ တောင်အာဖရိက မှအဆိုတော် Nakhane Touré ၊ ဟောင်ကောင် အဆိုတော် HUSH ၊ အင်္ဂလိပ်အဖွဲ့ Bloc Party တို့နှင့်အတူ သီချင်းကောင်း...
Content
အင်တာနက် ဖူးစာရှာဖွေခြင်းနှင့် ဘေးကင်းလုံခြုံရေး
Written by Min Thuta
မင်းသုတ ရေးသားသည်။
ကျွန်တော်တို့ လိင်တူချစ်သူတွေ အနေနှင့် အခြား လိင်တူတစ်ယောက်ဟာ ကိုယ့်လိုပဲ လိင်တူချစ်သူတစ်ယောက်လား ဆိုတာကို အမြင်နှင့် မှန်အောင် မှန်းဆဖို့ဆိုတာ ခဲယဉ်းပါတယ်။ လိင်ကွဲချစ်သူလို ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားရင် ရည်စားစကား သွားပြောဖို့လောက် မမြန်နိုင်ပါဘူး။ အဲ့ဒီလို မသေချာတဲ့ အထဲမှာ စိတ်ဝင်စားသူ လိင်တူတစ်ယောက်ကို ကိုယ့်အနေနှင့် စကားသွားပြောဖို့ အခွင့်အလမ်း အမြဲမရှိနိုင်တာကြောင့် ကျွန်ုပ်တို့...
နိုင်ငံတကာသုံး ဂေး ဝေါဟာရများ
ယနေ့ခေတ်မှာ နိုင်ငံတကာရှိ ဂေး ယဉ်ကျေးမှု နှင့် အသိုင်းအဝန်းအကြား၌ ပေါ်ထွန်းလာတဲ့ အသုံးအနှုံး အခေါ်အဝေါ်တွေ ရှိပါတယ်။ အများသောအားဖြင့် အနောက်တိုင်းနိုင်ငံများမှာ စလေ့ရှိကြပြီး ထိုယဉ်ကျေးမှုကို တကမ္ဘာလုံးက မွေးစားကျင့်သုံး လေ့ရှိကြပါတယ်။ နိုင်ငံတကာ အခေါ်အဝေါ် ဆိုပေမဲ့ အင်္ဂလိပ်စကားက ကမ္ဘာသုံးစကား ဖြစ်နေတော့ အင်္ဂလိပ်စာလုံးတွေကို ပြောတာပါပဲ။ ဒါပေမဲ့ ဒီစာလုံးတွေကို တကမ္ဘာလုံးက သုံးစွဲနေကြတော့ နိုင်ငံတကာ ဂေးအသိုင်းအဝန်းရဲ့ စကားလုံးတွေ...
ယောက်ျားချင်း ချစ်သူများ အကြားမှာသာ ရှိတဲ့ အိပ်ယာထဲက ဟာသအလွဲများ
အချစ်မေတ္တာ ဆိုတာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား၊ မ၊ ခန္ဓာ နှင့် အသက်အရွယ် မရွေးတာမို့ မည်သူမဆို ချစ်တတ်ကြတာ သဘာဝ ဆိုတာ အားလုံး သဘောတူတယ်ဟုတ်။
ဒါကြောင့် အခြားယောက်ျားတွေကိုသာ စွဲမက်တတ်တဲ့ ကျွန်တော်တို့ လိင်တူချစ်သူများအဖို့လည်း ချစ်တတ်တာ ဘာဆန်းလဲလို့။
အဲ့ဒီလို ယောက်ျားလေး ချစ်သူနှစ်ယောက် စုံဖက်တော့ ဖိုဓာတ်ချင်းတွေ့တော့ အိပ်ယာပေါ်မှာ ကစားတဲ့အခါ ဓာတ်တူချင်း ပြင်းထန်ပြီး ဒီလို အဖြစ်တွေ ရောက်ကုန်ပါရော။
အားလပ်ရက်မှာ အပြင်းပြေစေဖို့...
အင်တာနက် ဇာတ်လမ်းတွဲ မိတ်ဆက် (Paper Boys)
ဒီတခေါက်တော့ မြန်မာနိုင်ငံမှ လိင်တူချစ်သူ ပရိသတ်များအတွက် wifi ကောင်းကောင်းရတဲ့အခါ ကြည့်ဖို့ ကောင်းရာကောင်းနိုး အင်တာနက် ဇာတ်လမ်းတွဲတွေနှင့် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။
Web Series လို့ခေါ်တဲ့ အင်တာနက် ဇာတ်လမ်းတွဲ ဆိုတာတွေဟာ သာမာန် ကုမ္ပဏီကြီးတွေက ထုတ်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ မတူပါဘူး။ ပုံမှန်ဆို သူတို့က အပိုင်းတစ်ပိုင်းလျှင် ၄ မိနစ်ကနေ ၁၅ မိနစ်အကြားပဲ ရှိတတ်ပြီး အတွဲတစ်တွဲကိုလည်း အပိုင်းအနည်းအငယ်သာ ရှိတတ်ပါတယ်။ သူတို့က အသေးစား...
ရုပ်ရှင် မိတ်ဆက် (The Way He Looks)
မြန်မာနိုင်ငံမှ လိင်တူချစ်သူစာဖတ်သူများအဖို့ ကမ္ဘာအရပ်ရပ်မှ ရသ လက်ရာမြောက်တဲ့ ရုပ်ရှင်ကောင်းများကို တစ်လ တစ်ခါ မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်။
ဒီတစ်လမှာတော့ ဘရာဇီး ဒါရိုက်တာ Daniel Ribeiro လက်စွမ်းပြထားတဲ့ The Way He Looks ဆိုတဲ့ ရုပ်ရှင် အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ပေါ်တူဂီဘာသာစကားနှင့် ရိုက်ကူးထားတဲ့ Hoje Eu Quero Voltar Sozinho (ဒီနေ့ ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်ချင်တယ်) ဆိုတဲ့ ဇာတ်ကားဟာ ဆုတွေအများကြီး ဆွတ်ခူးခဲ့ပြီး...
မက္ကဆီကို ကာတွန်းပညာရှင် Alfredo Roagui ပြောတဲ့ Disney မင်းသားများ အကြောင်း
မက္ကဆီကိုမှ Alfredo Roagui ဆိုတဲ့ ကာတွန်းပညာရှင် တစ်ယောက်ကတော့ သူ့အမြင်မှာ Disney ကာတွန်းရုပ်ရှင်တွေထဲက မင်းသားတွေဟာ မူဟန်တစ်မျိုး ရှိတယ်လို့ ထင်နေပါတယ်။ သူ့ရဲ့ ပန်းချီလက်ရာတွေမှာ Disney မင်းသားတွေကို စရိုက်ကြမ်းကြမ်းနဲ့ စွဲဆောင်မှုကောင်းတဲ့ သရုပ်ကောင်တွေ အဖြစ် ရေးဆွဲထားပါတယ်။ ပြီးတော့ သူတို့ဟာ ယောက်ျားချင်း ချစ်တတ်တဲ့ သူတွေပါ။ သူ့ရဲ့ စိတ်ကူးထဲမှာ Disney ကာတွန်းရုပ်ရှင်တွေဟာ ဂေးယောက်ျားတွေနှင့်လည်း အများကြီး သက်ဆိုင်ပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့...
ယောက်ျားချင်းချစ်သူများအတွက် ဆီးကျိတ်အကြာင်း သိကောင်းစရာ
ကျွန်တော်တို့ ငယ်ရွယ်စဉ်ကတည်းက ကျွန်တော်တို့ရဲ့ တင်ပါး နှင့် နောက်ဖေးတံခါးဟာ အညစ်အကြေး စွန့်ဖို့အတွက်သာ ဖြစ်တယ်ဆိုပြီး ခန္ဓာကိုယ်ရဲ့ ဒီအင်္ဂါ အစိတ်အပိုင်းကို ရှက်ကြောက်ရွံဖွယ်ရာ တစ်ခုအဖြစ် သင်ကြားလာရပါတယ်။ အမှန်အတကယ်တော့ ဆေးပညာအရကော စိတ်ပညာအရအပါ ကြည့်မယ်ဆိုရင် သဘာဝက ၄င်းအစိတ်အပိုင်းကို အညစ်အကြေး စွန့်ဖို့တစ်ခုတည်းအတွက် ဖန်းတီးပေးထားတာ မဟုတ်ပါဘူး။
အနောက်တိုင်း စိတ်ပညာရှင်ကြီး Sigmund Freud ၏ အဆိုအရ ကျွန်တော်တို့ဟာ ငယ်ရွယ်စဉ်တုန်းက...
International LGBT music (2015 October)
နိုင်ငံတကာသီချင်းများကို နှစ်သက်သူ လိင်တူချစ်သူ ဂီတဝါသနာရှင်တို့အတွက် ၂၀၁၅ အောက်တိုဘာလအတွင်း ကမ္ဘာအရပ်အရပ်မှာ ဒေသအလိုက် လတ်တလော ရေပန်းစားနေတဲ့ လိင်တူချစ်သူအဆိုတော်တွေရဲ့ သို့မဟုတ် လိင်တူချစ်သူတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာပါတဲ့ သီချင်း အသစ်တွေ နားထောင်ကြည့်ဖို့ အချိန်ရောက်လာပါပြီ။
ဒီလမှာတော့ ဗြိတိလျှ အဆိုကျော် Sam Smith သီဆိုထားတဲ့ James Bond ရုပ်ရှင် Spectre ရဲ့ ဇာတ်ဝင် သီချင်း၊ အစ္စရေးဆိုတော် Harel Skaat ၏ နောက်ဆုံးထွက်...
လိင်မှုကိစ္စနှင့် ပက်သက်သော သဘာဝ ဟော်မုန်းများ
လူသားတွေရဲ့ ခန္ဓာမှာ လိင်တူချစ်သူပဲ ဖြစ်ဖြစ် လိင်ကွဲချစ်သူပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ တူညီတဲ့ ဇီဝ ဖြစ်တည်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲဖြစ်ဖြစ် အခြားလူသားတစ်ဦးနှင့် ချစ်တင်းနှီးနှောတဲ့ အခါမှာ ထုတ်လွှတ်တဲ့ ဟော်မုန်းများဟာ အတူတူပင် ဖြစ်ပါတယ်။ ယင်းဟော်မုန်းတွေဟာ လူ့ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများကို ပေးပါတယ်။ လူ့ခန္ဓာကိုယ်ကနေ လိင်ဆက်ဆံခြင်းနှင့် ပက်သက်တဲ့ အခါ ထုတ်လွတ်ပေးတဲ့ ဟော်မုန်း ၆ မျိုးရှိပါတယ်။...
အရှေ့ အာရှမှ လိင်တူချစ်သူ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲ ဓာတ်ပုံများ
Pride Parade အတိုကောက် Pride လို့ခေါ်တဲ့ လိင်တူချစ်သူတွေရဲ့ ဂုဏ်ယူ စီတန်းလှည့်လည်ပွဲတွေဟာ အမေရိကန်မှာ စခဲ့တာပါ။ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုများကို တောင်းဆိုရန် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်တုန်းက နယူးယော့က လိင်တူချစ်သူတွေရှိတဲ့ ရပ်ကွက်မှာ စတုန်းဝေါဆိုတဲ့ တည်းခိုခန်းကို ရဲတွေက ဝင်စီးပြီး နောက်ပိုင်းမှာ လိင်တူချစ်သူ အသိုင်းအဝန်းက မိမိကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဂုဏ်ယူကြောင်း စီတန်းလှည့်လည်ကာ...